https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq-9CMHQwgFJX_mEj91vxZhC06KeX2Qy7mslaLfAxAde-rHDiDAji5qatlM-CdQ6-VUQNwU0nMVyiRmdR-63q1gLL4MJvV-amGVHM4MubOIIaiey-MTz-VYpAgqSEwnIwg9IpHQDuzc32w/s1600/220px-Flag_of_National_League_for_Democracy.jpg

ဗိုလ်ချုပ်အောင်ဆန်း၏ကုတ်အင်္ကျီ

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမြန်မာ့လွတ်လပ်ရေးအတွက်တောင်းဆိုရန်အင်္ဂလန်သိုသွားချိန်ကဖြစ်သည်။
ဗိုလ်ချုပ်တို့ခရီးတထောက်နားမည့်အန္ဒိယတွင်အန္ဒိယအမျိုးသားခေါင်းဆောင်ကြီးမစ္စတာနေရူးအားတွေ့ဆုံလိုသဖြင့်အမျိုးသား
ခေါင်းဆောင်နှစ်ဦးတွေ့ကြသည်။

ရင်းရင်းနှီးနှီးဆွေးနွေးကြသည်လွတ်လပ်ရေးရသောအခါနိုင်ငံခြင်းရင်းနှီးစေရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်မည်သို့ဆောင်ရွက်ကြ
မည်ကိုဆွေးနွေးကြသည်။နှစ်ဦးစလုံးအရည်အခြင်းရှိသောခေါင်းဆောင်များဖြစ်သဖြင့်စိတ်တူကိုတူလေပေးဖြောင့်နေကြလေသည်။
ထိုစဉ်မှာပင်မစ္စတာနေရူးကအောင်ဆန်းလန်ဒန်ရောက်လို့ဆွေးနွေးပွဲတွေလုပ်တဲ့အခါဘာဝတ်ဆုံဝတ်မှာလည်းဟုမေးလိုက်သည်။
ဗိုလ်ချုပ်ကသူ၏စစ်အင်္ကျီတစ်ပတ်နွမ်းလေးကိုကြည့်ပြီးပြုံးနေခဲ့သည်။ဗိုလ်ချုပ်ကထိုစစ်အင်္ကျီတစ်ပတ်နွမ်းလေးကိုပင်ဝတ်
ဆင်မည်ဟုရည်ရွယ်ထားပုံရလေသည်။(တစ်ကယ်မှာလည်းဗိုလ်ချုပ်သည်ထိုအချိန်ကအစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ယောက်ဖြစ်သော်
လည်းတူတူတန်တန်အင်္ကျီလေးပင်ဝတ်ဖို့စိတ်ထဲမထားပဲနိုင်ငံ့ကောင်းစားရေးသာဆောင်ရွက်နေခဲ့သည်။)မစ္စတာနေရူးက
ဒီလိုတော့ဘယ်ဖြစ်မလဲကွလန်ဒန်မြို့တော်သားတွေကအဆောင်အရောင်ကိုအလွန်နှစ်သက်ကြတာနောက်ပြီးမင်းတို့ဟိုရောက်ရင်
ဂျော့ဘုရင်ကသူ့နန်းတော်ကိုထမင်းတွေဘာတွေဖိတ်ကြွေးရင်ကြွေးမှာလိုလိုမယ်မယ်ဆောင်သွားရမှာပေါ့ကွဆိုပြီးချက်ချင်းအပ်ချုပ်
သမားများကိုခေါ်ကာသင့်လျှော်သောအနောက်တိုင်းဝတ်စုံများအမြန်ဆုံးချုပ်လုပ်စေခဲ့သည်။ထိုကြောင့်ဗိုလ်ချုပ်တို့အဖွဲ့ဝင်များ
အန္ဒိယမှာထွက်ခွာလာသောအခါစတိုင်ကျလှပစွာနှင့်ခရီးဆက်လက်ထွက်ခွာလာနိုင်ခဲ့လေသည်(ယနေ့တွေ့မြင်ကြရသောဗိုလ်ချုပ်
အောင်ဆန်း၏လန်ဒန်ဆွေးနွေးပွဲမှတ်တမ်းဓါတ်ပုံများမှကုတ်အင်္ကျီသည်မစ္စတာနေရူးဆင်ပေးလိုက်သောကုတ်အင်္ကျီဖြစ်သည်။
နိုင်ငံအကျိုးကိုဆောင်ရွက်ရာတွင်အ၀တ်အစားကိုပင်ဂရုမပြုနိုင်ခဲ့ပေ။သူထံတွင်လည်းအပိုအလျှံမရှိ သူရသောလခလေးကို
ပင်ဝေမျှကြွေးမွေးသေးသည်ထို့ကြောင့်လန်ဒန်တွင်နိုင်ငံ့အရေးဆွေးနွေးရာမှာပင်အ၀တ်ကောင်းကောင်းမရှိခဲ့ပေ။
လေးစားအတုယူဖွယ်ပင်ဖြစ်တော့သည်။
ဗိုလ်ချုပ်ဝတ်ထားသောအင်္ကျီသည်မစ္စတာနေရူးဆင်ပေးလိုက်သောအင်္ကျီဖြစ်သည်။
ဗိုလ်ချုပ်ဝတ်ဆင်နေကျစစ်အင်္ကျီတစ်ပတ်နွမ်းလေး။
မြန်မာနိုင်ငံ့ရဲ့အနိုင်းမဲ့သူရဲကောင်း။

ဘိုးဘွားများနှင့်တွေ့ဆုံခြင်း

ကျွန်တော်တို့မမီလိုက်တဲ့ခေတ်ဟောင်းကဘိုးဘွားတွေရဲ့ဓါတ်ပုံလေးတွေကိုစုစီးပြီးတင်ပြထားတာပါ။ရသလောက်ပေါ့။ဗဟုသုတရ
သလိုလေ့လည်းလေ့လာရတာပေါ့ ။သူတို့ရဲ့ဟန်ပန်တွေကိုပြန်ပြီးအမှတ်ရကြရအောင်
၁။ဒေါက်တာဘမော်၊သခင်မြ၊ဒေါက်တာသိန်းမောင်၊ဗိုလ်ချုပ်အောင်းဆန်းတို့ဂျပန်ဘုရင့်နန်းတော်မှာ
ဆုတံဆိပ်ယူစဉ်။


၂။အမျိုးသားပညာဝန်ဦးဖိုးကျားပါ
၃။ဓါတ်ရှင်မင်းသားကြီးဦးရွှေဘ။
၎။ဝန်ကြီးချုပ်ဦးနု။
၅။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်။
၆။ဟောလီးဝုဒမှာသရုတ်ဆောင်တဲ့မင်သမီးဝင်းမင်းသန်းပါ။
၇။စစ်အတွင်းကဗုံးဒဏ်ခံခဲ့ရတဲ့ရန်ကုန်ဆိပ်ကမ်းပါ။
၈။ဦးသန့်ရဲ့သားတင်မောင်သန့်၊သမီးအေးအေးသန့်ပါ။
၉။ဗမာ့သေနတ်ကိုင်တပ်ရင်းတစ်ရင်းစုပေါင်းဓါတ်ပုံ။
၁၀။ဗိုလ်အောင်ဒင်ဇာတ်ကးမှသရုတ်ဆောင်များး။အခုပုံတွေကကျွန်တော်စုထားတာလေးတွေပါ။မပြည့်စုံတာရှီရင်လည်း
ခွင့်လွှတ်ကြပါ။နောက်လည်းပုံလေးတွေတင်ပါအုံးမယ်။သူငယ်ချင်းတွေအားလုံးပျော်ရွှင်ကြပါစေ

ဘိုးဘွားများနှင့်တွေ့ဆုံခြင်း(၂)

သူငယ်ချင်းတို့ရေအရင်တစ်ခါလိုပဲဘိုးဘွာတွေရဲ့ပုံလေးတွေပါ။အခုပိုပြီးရှေးကြတဲ့ပုံလေးတင်ပေးလိုက်ပါတယ်။တစ်ချို့ပုံလေးတွေ
ကရင်နာဖို့ကောင်းတာကိုတွေရပါတယ်။အောက်မှာလေ့လာကြည့်ရအောင်။
၁။သီပေါမင်းရဲ့ကိုယ်ရံတော်တပ်ဖွဲ့လက်နက်မချမီ။
၂။စုဖုရားလေး-စုဖုရားလတ်-သီပေါမင်း။
၃။မင်းလှခံတပ်ကျပြီးနောက်--------
၎။ကုန်းဘောင်ခေတ်နှောင်းနိုင်ငံခြားပညာတော်သင်တွေပါ။
၅။သီပေါမင်းရဲ့ရတနာဂီရိကစံအိမ်တော်ပါမြန်မာဘုရင်တစ်ပါးအတွက်တော့သေးလွန်းပါတယ်။
၆။စာတွေပါပြီးသားဆိုတော့ဒီတိုင်းပဲတင်လိုက်တယ်။
၇။မင်းတုန်းမင်းရဲ့သ၀ဏ်လွှာတစ်စောင်။
၈။ဖန်ချက်ဝန်ထောက်ဦးရွှေအိုးပါ။
၉။အိမ်ရှေ့ကိုယ်တော်ကနောင်မင်းသားကြီး။
၁၀။မြင်ကွန်းမင်းသား(ကနောင်မင်းသားကြီးကိုလုပ်ကြံသူ)။ကုန်ဘောင်းခေတ်နှောင်းနေ၀င်ချိန်ကပုံတွေပါ။ကြီးကျယ်မြင့်မြတ်ခဲ့တဲ့
မြန်မာတို့ရဲပုံရိပ်တွေကိုသတိရကြပါ။ မျိုးဂုဏ်သိက္ခာကိုစောင့်ထိမ်းနိုင်ကြပါစေ။
စူနာမီ လှိုင်း
Shine........
wave.sunami@gmail.com

လက်နက်နိုင်ငံတော်မရှိတဲ့ ဧကရာဇ် (ခရစ်နှစ် ၁၅၅၇)ရေးသူ-ဒေါက်တာသန်းထွန်း

ရှင်းလင်းပြောပြစရာ အများကြီးနော်။ အချိန်ကာလတိုတိုမှာ နောင်အကြာကြီး အကျိုး အပြစ်ခံရမယ့် အကြောင်းအရာတွေကတော့ အစုလိုက်အပြုံလိုက် တိုးနေတယ်။ မြန်မာအများ က ဗုဒ္ဓသာသနာဟာ အနှစ်ငါးထောင်တည်မယ်လို့ ယုံတယ်။ ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ။ သာသနာ အဓွန့်ရှည်အောင်လုပ်ဖို့ လူအား ငွေအား အများကြီးလိုတယ်။ ဒါပေမယ့် ဘာပဲပြောပြော တခုခုကို တကယ်ယုံကြည်ပြီး လုပ်ချင်ကြပြီဆိုရင် ဟိုလိုတမျိုးလုပ်၊ ဒီလိုတမျိုး လုပ်နဲ့ ပန်းတိုင်ကို ဆိုက်သွားတာပါပဲ။ အဲဒီအားကို ငါက အသုံးချရမှာလို့ ငါယူဆပြီးသား၊ လူစွမ်းကောင်းဆိုရင် အပြောမပိုင်ဘူး။ ဒါပေမယ့် သူက အစွမ်းထက်တဲ့ ဧရာမပုဂ္ဂိုလ်ကြီး ဖြစ်လာတတ်ပါတယ်။ ငါ့ကိုယ်ငါ သီရိပရ၀မမဟာရာဇာဓိရာဇ (ဘုန်းကျက်သရေကြီးတဲ့ တရားစောင့်တဲ့ မင်းတကာ့မင်း) လို့ ဆိုတယ်။
အခု ငါ ဘယ်လို မင်းတကာ့မင်း ဖြစ်လာတယ် ဆိုတာ ပြောမယ်။ ငါ့ ပတ်လည်မှာ မင်းသေးမင်းမြှောင်တွေ အများကြီး ရှိနေတယ်။ သူတို့ကို တဦးချင်းခွဲပြီး ဖြိုလှဲဖို့ လွယ်ပါတယ်။ သာသနာ ၂၀၉၄၊ သက္ကရာဇ် ၉၁၂၊ ခရစ်နှစ် ၁၅၅၀ အဲဒီတုန်းက ငါ ကေတုမတီ (တောင်ငူ) ကို သွားပြီးတိုက်တယ်။ ၁၁ ဇန်န၀ါရီ ၁၅၅၁ မှာ တောင်ငူကို ငါရတယ်။ မြို့သိမ်းတယ်ဆိုရင် ဘာတွေဖြစ်မလဲ မင်းတို့ တွေးကြည့်စမ်း။ ငါပြောပါမယ်ကွာ၊ ဘုရားအို၊ ကျောင်းအိုကို ပြင်တယ်ကွာ၊ အသစ်လည်း ထပ်ဆောက်တယ်၊ ဗုဒ္ဓရှင်တော်မြတ် ဘုရားတရားတော်ကို ပြန့်ပွါးအောင် ပြောမယ် ဟောမယ်၊ ဒေသအလိုက် ဘယ်ရောက်ရောက် အဲဒီမှာ သူ့နေရာနဲ့သူ ခေါင်းဆောင်ဆိုတဲ့ လူတွေရှိတယ်။ ဒီလူတွေက လူပါး လူနပ်တွေ၊ ငါ့ဆီဝင်လာပြီး အသက်မသေ စည်းစိမ်မပျက် ဆက်လက်အမှုထမ်းလိုပါ သတဲ့၊ ငါ ဘာလုပ်ရမယ်ဆိုတာ သူတို့က လာပြောတာလေ။ မြို့ဝန်ကို မြို့ဝန်ဆက်ခန့်၊ စော်ဘွားကို စော်ဘွားပဲ ဆက်နေပါစေ၊ ငါ့ကို ဘ၀ရှင်မင်းတရားကြီးတဲ့၊ ဒါ သူတို့ ခေါ်တာ၊ ကဲ မလွယ်ဘူးလား။ နောက် ပြည်မြို့ကို ၃၀ သြဂုတ် ၁၅၅၁ မှာ ငါတိုက်ယူပြန်တယ်။ ငါ့ နာမည်နဲ့ အဲဒီမြို့မှာ ကောင်းမှုတွေ အထပ်ထပ် သူတို့က လုပ်ပေးကြတယ်။ ငါကတော့ လူအင်အားနဲ့ လက်နက်အင်အားထပ်ဖြည့်ပြီး ဟံသာဝတီ (ဗဂိုး) ကို ၁၂ မတ် ၁၅၅၂ မှာ သွားတိုက်တယ်။ တဘက်ရန်သူ မင်းဆိုတဲ့လူက ဆင်စီးပြီး ထွက်လာတယ်။ သူနဲ့ ဆင်စီးချင်း တယောက်ချင်း စစ်ထိုးဝံ့မလားတဲ့။ ငါ့ဆင် ဥပေါသထက သူ့ဆင်ရဲ့ အစွယ်တွေကို ချိုးပစ်နိုင်တယ်။ အဲဒါ ပြီးတော့ ပင်လယ်ဝမှာ ဒီရေတက်တာ မင်းမြင်ဖူးတယ် မဟုတ်လား၊ ငါ့ စစ်သားတွေက သူ့မြို့တွင်းကို ဒီရေတက်သလို ရောက်သွားကြပါတယ်။ ဒါနဲ့ ဆက်တိုက် ကောင်းမှုတွေ အများကြီး လုပ်ဖြစ်တယ်။ နန်းမရှေ့မှာ ခေါင်းလောင်းဆွဲထားပြီး နစ်နာချက် တခုခုရှိသူတိုင်း အတားအဆီးမရှိ ဒီ ခေါင်းလောင်း ထိုးခွင့်ပေးထားတယ်။ (ခေါင်းလောင်းသံကြားရင် ဘာဒုက္ခ လဲလို့ မေးပြီး မဖြစ်ဖြစ်အောင် ပြဿနာကို ဖြေရှင်းပေးပါတယ်။) တိုက်ရေး ခိုက်ရေးတွေ ခေတ္တဖြစ်ဖြစ် အားလုံးရပ်ခိုင်းလိုက်တယ်။ ပြီးတော့ မိဖုရားကြီး လက်ဆွဲပြီး ၁၂ ဇန်န၀ါရီ ၁၅၅၄ မှာ ငါတို့ ဘိသိက်ခံတယ်။ ငါလည်း သာသနာ့ဒါယကာကြီး ဖြစ်ပြီပေါ့။
ငါ့ကို ပြောကြတယ်။ ဗုဒ္ဓကို ယုံကြည်တဲ့ ဒေသအများကြီးမှာ အုပ်ချုပ်တဲ့မင်းက ဗုဒ္ဓရဲ့ အဆုံးအမကို မနာယူကြဘူးတဲ့။ ဒီကိစ္စကို ငါ ဘယ်လိုဖြေရှင်းသလဲဆိုတော့ ငါ့မှာ ရှိသမျှ ရေအား ကြည်းအား အကုန်စုရုံးပြီး မြောက်အရပ်နဲ့ အရှေ့မြောက်အရပ်ကို ချီတက်ခဲ့တယ်။ အ၀ကို ၂၂ ဇန်န၀ါရီ ၁၅၅၅ မှာ သိမ်းလိုက်နိုင်တယ်။ ငါ့ကို ရက်စက်ကြမ်းကြုတ်ပြီး အသတ်အဖြတ်ပဲ လုံ့လပြုနေတယ်လို့ အားလုံးက ထင်နေကြပြီ မဟုတ်လား။ အသေ အပျောက်က နည်းနိုင်သမျှ နည်းအောင် စီစဉ်ခဲ့ပါတယ်။ ငါတို့ လုပ်ရည်ကိုင်ရည် ထက်မြက် တာကို လူသိများလာတော့ မြို့တမြို့ကို ငါတို့ ချဉ်းကပ်တာနဲ့ နည်းနည်းလောက် ဟန်ရေးပြ တိုက်ခိုက်လိုက်ရုံနဲ့ (ဒါမှမဟုတ်) လုံးဝမတိုက်ရဘဲနဲ့ လက်နက်ချ အညံ့ခံကြတယ်။ ရှင်းရှင်းပြောတော့ ငါတို့ကလည်း သိပ်ပြီး ကြောက်စရာ ကောင်းလောက်အောင် အားကြီးတယ်၊ အားသာတယ် မဆိုနိုင်သလို သူတို့ကလည်း သိပ်ညံ့တယ်၊ သိပ်ဖျင်းတယ်။ တို့ စေ့စေ့ကြည့်တာကိုပဲ မခံရဲဘူးဆိုတာမျိုး မဟုတ်ပါ။ ငါက စစ်ခေါင်းဆောင်အနေနဲ့ အောင်မြင်တယ်ဆိုတဲ့ ဂုဏ်သတင်းတော့ ရှိပါရဲ့၊ သတ္တိရော၊ ဇွဲလုံ့လရော မခေဘူးလေ၊ မြို့တွေ ၀န်းကျင်က စိုက်ခင်းပျိုးခင်းတွေ ဖျက်တယ်၊ စစ်မကြာခဏ တိုက်နေရတဲ့ပေါ့။ စစ်အမြဲတိုက် နေကြရင် ငတ်သထက် ငတ်ကြမယ်၊ ဘယ်မြို့မှ တို့က အပြင်က အကြာကြီး ၀ိုင်းပိတ်ဆို့ထား တာကို မခံနိုင်ပါ။ မြန်မြန် စစ်အေးစကားပြောပြီး အသနားခံလိုက်ကြတယ်။ စောစောက ပြောသလို ငါ့ကို သခင်အဖြစ် လက်ခံလိုက်ကြတယ်။ အရင်က ရတဲ့ ရာထူးဂုဏ်ထူး ဥစ္စာစီးပွါး မဆုတ်ယုတ်ရင် ပြီးစတမ်းပေါ့။ ငါကလည်း ပေးတဲ့ကတိသစ္စာတည်အောင် ထိန်းပါတယ်။ စစ်အောင်သူတွေဟာ လောဘမသတ်နိုင်ဘဲ ရသမျှ နိုင်သမျှ နှိပ်စက်လုပ်ကြတဲ့ အထဲမှာ ငါမပါဘူး။ တခါက သူပုန် ရာနဲ့ထောင်နဲ့ ရှိသမျှကို ကပ်နဲ့လှောင်ပြီး အစာရေစာ မပေးဘဲ မီးတိုက်သတ်ဖို့ ထားတယ်။ ဆရာတော် သံဃာတော်တွေ ကြွလာပြီး သူတို့ ဒကာတွေကို ရွေးနှုတ်ပြီး ခေါ်သွားခွင့်လည်းပြုရော တကယ့်အကြီးအကဲ ထိပ်တန်းခေါင်းဆောင်တွေပဲ ကျန်တော့တယ်။ အဲဒီတော့ တို့မှာလည်း သတ်ရတဲ့လူ လျော့သွားတာ ကောင်းတာပေါ့။ အ၀မင်း၊ အမတ်နဲ့ နောက်လိုက်တွေက ငါတို့ဆီမှာ သစ္စာရေ လာသောက်ပြီး ငါတို့ တပ်သားဖြစ်လာတော့ ငါတို့အဖို့လည်း ဆက်လက် နယ်ပယ်သိမ်းသွင်းဖို့ ခွန်အားပြည့်သွားပြန် တယ်။ ဒီလိုပဲ ပဒေသရာဇ်တိုင်းနိုင်ငံတွေမှာ လုပ်မြဲပါ။ ကုလား (ဥရောပ) ကြေးစားတပ်ကို တော့ ဒီလိုမထင်နဲ့လေ။ သူတို့ကိုလည်း သာသနာမြေကလွဲရင် ကြိုက်တာကို ကြိုက်သ လောက်ယူလို့ ခွင့်ပေးထားပါတယ်။ ငါကလည်း နေရာသစ်ကို သိမ်းပြီးရင် ကျောင်းဘုရား ပြုပြင်မယ်၊ စေတီကို ရွေးချယ်လို့ စီစဉ်မြဲ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစတစ မွန်ဒေသ မြန်မာဒေသတွေက စေတီတွေမှာ ရွှေတ၀င်းဝင်းနဲ့ ရွှေနိုင်ငံ ဖြစ်လာပါတယ်။ ရဟန်းတွေ ကလည်း ၀ိနည်းတော်ကို လေးလေးစားစား လိုက်နာကျင့်သုံးတာကို တွေ့ရတယ်။ လူတွေကလည်း ဗုဒ္ဓသာသနာဝင်တွေလို့ ဆိုရလောက်အောင် အနေအထိုင် နူးညံ့သိမ်မွေ့ လာတယ်။ သူသူငါငါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါတယ်။
သီရိင်္လကာမှာ ဗုဒ္ဓသာသနာ မှေးမှိန်နေတယ်လို့ ငါကြားရတော့ ရုတ်တရက် သိပ်စိတ်ထိခိုက် သွားတယ်။ ပိဋိကတ်တစုံနဲ့ ကျမ်းတတ်ဆရာတော်တချို့ကို စေလွှတ်ပါတယ်။ ဒီလို ကျမ်းတတ်ပုဂ္ဂိုလ်တွေအပြင် လက်သမားဆရာ ပန်းချီဆရာတွေလည်း ထည့်လိုက်သေး တယ်။ ဟိုမှာ ကျောင်းဆောက်ပြီး လှပတင့်တယ်အောင် ဆေးရေးရွှေချ လုပ်ခိုင်းလိုက်ပါတယ်။ လိုသမျှ ပစ္စည်းကိရိယာတွေလည်း သယ်ဆောင်သွားခိုင်းပါတယ်။ တကယ့်ကို ငါက သူတို့အပေါ်မှာ စိတ်ကောင်း စေတနာကောင်းထားကို သိအောင်၊ သူတို့ အခြေအနေကောင်း လာအောင် ဆန္ဒရှိတာကို ထင်ရှားအောင် ငါ့ဆံတော်နဲ့ မိဖုရားကြီးဆံတော်ကို ဖြတ်ပြီး တံမြက်လုပ်ပြီး စွယ်တော်တိုက်မှာ ဖုန်လှည်းဖို့ ပေးလိုက်ပါတယ်။ ငါစေလွှတ်တဲ့အဖွဲ့ဟာ အောင်ပွဲရလို့ ပြန်လာပြီး ဟိုက စွယ်တော်တုတဆူလည်း လက်ဆောင်ပေးဆက် လိုက်ပါသေး တယ်။
နေ့စဉ် ငါ့ဘာသာ ငါမေးတဲ့ မေးခွန်းကတော့ ငါဘယ်ကိုသွားပြီး ဗုဒ္ဓသာသနာ ပြုခွင့်ရမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရှမ်းများဟာ ဟိုအခါက သာသနာကို လေးစားရကောင်း မှန်း မသိသေးတာ အမှန်ပါ။ မိဖုရားကြီးကိုပါ ခေါ်ခဲ့ပြီး ငါတို့ ဖောင်တော်နဲ့ အညာကို ဆန်တယ်။ ခမ်းကြီးနားကြီး သွားတာပေါ့။ စစ်အင်္ဂါခင်းကျင်းပြီး စစ်တိုက်ဖို့လည်း ပါတယ်။ အ၀ကို ၂၄ ဒီဇင်ဘာ ၁၅၅၆ မှာ ရောက်တယ်၊ ၈ ဇန်န၀ါရီ ၁၅၅၇ မှာ ခရီးဆက်တယ်၊ ပတ္တမြားမြေဖြစ်တဲ့ မိုးမိတ်နဲ့ သီပေါက ၁၀ ဇန်န၀ါရီ ၁၅၅၇ မှာ အညံ့ခံတယ်။ မိုးမိတ်ရဲ့ အနောက်မြောက်မှာ စေတီတဆူတည်ဖို့ ၈ ဖေဖော်ဝါရီ ၁၅၅၇ မှာ ဘုရား အုတ်မြစ်ချတယ်။ ၁၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ ဌာပနာတိုက်ပိတ်တယ်။ လယ်ထွက်စပါး တနှစ်တင်း ၆၀၀ ကို သာသနာ့အထောက် အပံ့ဖြစ်ဖို့ လှူတယ်။ ဘုရားတည်တယ်ဆိုတာ ကူဘုရားပါ၊ အထွက်အ၀င်အတွက် ကူ လေးမျက်နှာစလုံး အသုံးပြုလို့ ရပါတယ်။ ရတနာစေတီလို့ သမုတ်ပါတယ်။ စေတီကိုရံပြီး ဘုန်းတော်ကြီး ကျောင်းလေးကျောင်း ဆောက်တယ်။ သီပေါမှာ စေတီတဆူ ထပ်ဆောက်ပါတယ်။ စော်ဘွား ကြီးရဲ့ မြေးတော်ကို ၁၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ အခမ်းအနားနဲ့ သီပေါစော်ဘွားအသစ် ခန့်တယ်။ အုပ်ချုပ်ရေးမှာ လိုအပ်သမျှကို ညွှန်ကြားမှာထားပြီး ၁၇ ဖေဖော်ဝါရီ ၁၅၅၇ မှာ မိုးမိတ်က ပြန်ခဲ့တယ်။ ဧရာဝတီကို ထီးချိုင့်က ဖောင်တော်နဲ့ ၂၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ ကူးပါတယ်။ ၂၈ မတ် ၁၅၅၇ မှာ ကြည်းကြောင်း မြောက်ဘက်ကို ဆက်လက်ချီတက်လို့ မိုးညှင်းက ၂၈ မတ် ၁၅၅၇ မှာ အညံ့ခံတယ်။ မိုးကောင်းက ၂၆ မတ် ၁၅၅၇ မှာ အညံ့ခံပါတယ်။ ပဒေသရာဇ်တွေနဲ့ တွေ့တဲ့အခါ ငါလုပ်နေကျ ထုံးစံအတိုင်း သူတို့မူလနေရာ မှာပဲ စော်ဘွားပြန်ခန့်တယ်။ ဒီတော့ မိုးကောင်းစော်ဘွားလည်း ဆက်ပြီး မိုးကောင်းစော်ဘွား ဖြစ်တယ်။ အဲဒီလိုလုပ်ရတာ စွန့်လုပ်ရတာ ဖြစ်လို့ ကြားရသူတိုင်း အံ့သြကြတယ်။ မိုးကောင်း၊ မိုးညှင်း၊ ကလေး စော်ဘွားတွေကို ဘယ်လိုအုပ်ချုပ်မှ အောင်မြင်တယ်ဆိုတာကို လမ်းညွှန် သင်ကြားပြီး ရှမ်းနယ်တွေဖြစ်တဲ့ မိုးကောင်း၊ မိုးညှင်း နဲ့ မိုးမိတ်၊ သီပေါနယ်တွေမှာ အကြီးအကဲ သေရင် အရှင်သခင်နဲ့အတူ ကျွန် ကျားမတွေ သတ်ပြီး သင်္ဂြိုဟ်တဲ့ အစဉ်အလာတခုကို တားမြစ်ပိတ်ပင်ခဲ့တယ်။ လုံးလုံးရပ်စဲစေပါတယ်။
အပြန်ခရီးကို ၉ ဧပြီ ၁၅၅၇ မှာ စတင်ထွက်ခဲ့တယ်။ ပုဂံမှာ ၀င်ပြီး ရွှေစည်းခုံကို ရွှေချတယ်။ အချိန်ပိဿာ ၂၁၀၀၀ (၇၆၆၅၀ ပေါင်) ရှိတဲ့ ကြေးခေါင်းလောင်းကို ၂၃ မေ ၁၅၅၇ မှာ သွန်းလောင်းစေတယ်။ ဧကရာဇ်ပိုင်နက်မရခင် ဧကရာဇ်ဖြစ်တဲ့ ငါဟာ အခုလို စွမ်းဆောင်ခဲ့ ပုံ ခေါင်းလောင်းမှာ ရေးသားမှတ်တမ်းတင်စေတယ်။
အညွှန်း။ ။ မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ ရွှေစည်းခုံခေါင်းလောင်းစာ။ (မွန်ကျောက်စာညွန့်ပေါင်း၊ ချစ်သိန်း ၁၉၆၅၊ စာ ၁၀၅-၁၀၈)
{ထီးပေါင်းကားစာအုပ်တိုက်ကထုတ်တဲ့၊ ဒေါက်တာသန်းထွန်းရဲ့ “ဂံ-ဂိုး-၀” စာအုပ်၊ ၂၀၀၅၊ ဒီဇင်ဘာ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။}

အတိတ်ဟောင်းကရန်ကုန်မြို့ထဲသွားလည်ရအောင်

သူငယ်ချင်းတို့ရေ တို့တွေမမီလိုက်တဲ့ ဘယ်တော့မှပြန်မတွေနိုင်တော့တဲ့ခေတ်ဟောင်းကရန်ကုန်မြို့ထဲသွားလည်ကြရအောင်နော်
တို့ ဘိုးဘွားတွေရန်ကုန်မြို့မှာဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာလည်းလေ့လာရတာပေါ့။အခုနေရာတွေနဲ့ဟိုးအရင်ကနေရာတွေကို
နိုင်းရှင်ပြီးစိတ်ကျေနပ်စေရမယ်လို့အာမခံတယ်နော် ကဲသွားကြရအောင် လိုက်မယ်မှတ်လား

လှည်းယာဉ်လေးနဲ့သွားမယ်နော်
အရင်ဆုံးရွှေတိဂုံဘုရားကိုသွားဖူးကြမယ်ဟေ့
အင်း----ဘယ်ဖက်မုခ်ကတက်ရင်ကောင်းမလဲ
ဘုရားပေါ်ရောက်ဖို့ကအဓိကပဲ
ဘုရားဖူပြီးရင်ဈေးသွားဝယ်ကြမယ်
ဈေဝယ်ပြီးရင်မြို့ထဲရှောက်လည်မယ်နော်
ဆိပ်ကမ်းဘက်မှာလေညှင်းခံအုံးမှပဲ
ဆူးလေဘုရာလည်းဝင်ဖူးအုံးမှ ပြီးရင်
အင်းလျားကန်မှာနားပြီးပြန်ကြတာပေါ့ နေလည်းစောင်းပြီလေ
ဟိုးခေတ်ကဘိုးဘွားတွေရှောက်လည်တဲ့အတိုင်းခံစားပြီးရေးထားတာပါဟိုခေတ်ရန်ကုန်ကိုလည်ပတ်ရတာကျေနပ်ကြမယ်လို့
ထင်ပါတယ် သူငယ်ချင်းများအားလုံးပျော်ရွှင်ကြပါစေ။

ထူးထူးခြားခြားသူတို့ ဟန်များ

ဒီတစ်ခါတော့ကျွန်တော်တို့သိသော၊မသိသောရှေးခေတ်ဘိုးဘွားများရဲ့ ဟန်ပန်အမူအရာတွေကိုတင်ပြပေးထားပါတယ်
တစ်ကယ်ဆိုရင်လက်ရှိကျွန်တော်တို့ရဲနေထိုင်မှုဟန်ပန်တွေကလည်သူတို့ဆီကနေအဆင့်ဆင့်ပြောင်းလဲလာကြတာလေ။
သူတို့ ဟန်ပန်တွေရဲ့ လေးနက်မှုနဲ့ ယနေ့ခေတ်ဟန်ပန်တွေကိုနှုင်းရှင်အကဲဖြတ်ကြရအောင်ဗျာ့
ဗိုလ်ချုပ်ရဲ့ ဟန်ပန်တွေနဲ့ စလိုက်ရအောင်
တွေရခဲ့တဲ့ပုံပါပဲတို့ဗိုလ်ချုပ်ရဲ့ စီးကရက်သောက်တဲ့ဟန်လေ
ဒီဟန်ကလည်းတစ်မျိုးကြည့်ကောင်းပါတယ်
ဒါကတော့ကင်းဝန်မင်းကြီးရဲ့ ခန့်ခန့်ငြားငြားဟန်
ဟိုခေတ်ကဘောလုံးသမားတွေရဲ့ ဂိုက်ပေးပုံကလည်းတစ်မျိုးဗျ
ဦးနေဝင်းရဲ့ ပုံကလည်းခမ်ကြမ်းကြမ်း
ရှေးမြန်မာအမျိုးသမီးတစ်ဦးရဲ့ အလှပြင်ဟန်
ထီဆိုင်အရောင်းစာရေးရဲ့ ဟန်ပါ (ဒီနေ့ ခေတ်နဲ့ တူဘူးနော်)
ခုခေတ်လို ဖုန်းတွေ အင်တာနက်တွေမရှိတော့ လူကိုယ်တိုင်လူပိုလှည့်တဲ့ဟန်
ပြည်သူ့ချဉ်ဖတ်ဦးစောရဲ့ စောင့်ကြွားကြွားဟန်
ဒီလောက်ဆိုသူငယ်ချင်းတို့လည်းအကဲဖြတ်လို့ ရလောက်ပြီနော် လူဆိုတာသူ့ ဗီဇနဲ့ သူပါပဲအခုဟန်ပန်တွေကိုကြည့်ရင်သိနိုင်ပါတယ်

တွေးတောစရာမြန်မာစကားလုံးလေးမျာ

ကျွန်တော်တို့မြန်မာစကားဟာအလွန်ကျယ်ပြန့်ပါတယ်။ပြောတတ်လျှင်ပြောတတ်သလို၊စကားလှအောင်သုံးနှုန်းပြောဆိုနိုင်ပါတယ်
ကဗျာဥာဏ်ကလည်းရှိတဲ့အတွက်ရှေးကတည်းကခုချိန်အထိစကားလှအောင်ပြောရာမှာကာရံလိုက်အောင်ပြောနေမှုလေးတွေ
ရှိကြပါတယ်။ဒါကြောင့်ကာရံသာလှပြီးတွေးရင်တွေးသလိုအတွေးပေါက်မဲ့စကားလုံးတွေအများးအပြားလည်းရှိလာပါတယ်
အဲဒီတော့စကားလှသည်သို့သော်တွေးလို့ရသည်ပေါ့ဗျာ။အခုလက်ရှိလည်းအသုံးပြုနေကြပါတယ်။ကျွန်တော်တို့လည်း
သုံးနှုန်းနေကြပါတယ်။ဒါပေမဲ့တွေးရင်တွေးလို့ရတယ်ဆိုတာလေးကိုရေးခြင်တာပါတွေးလည်းတွေးရ ရယ်လည်းရယ်ရတာပေါ့ဗျာ
ကဲဥပမာလေးစလိုက်ရအောင်
၁။ကစားခုန်စား
ဆိုလိုရင်းကအားကစားလုပ်တာပါ ကြိုးကြိုးစားစားလုပ်တယ်လို့အဓိပ္ပာယ်သက်ရောက်ပါတယ်။ကစားခုန်စားလိုက်စားတယ်
မနက်တိုင်းကစားခုန်စားလှုပ်ရှားတယ်ဒီလိုပြောကြပါတယ်။ဒါပေမဲ့တွေးလိုက်ရင်အားကစားလုပ်ရင်းအစားတစ်ခုကို
ခုန်ခုန်ပြီးစားသလိုဖြစ်နေတယ်လို့တွေးလို့ရနေပြန်တယ်။တွေးကြည့်ပေါ့နော်------။
၂။ကူဖော်လောင်ဖက်
ကူညီဖော်ရတာကိုကိုယ်စားပြုသုံးနှုန်းပါတယ်။ကူဖော်လောင်ဖတ်ရသည်ကူဖော်လောင်ဖက်ပေးသည်လို့သုံးနှုန်းကြပါတယ်
တွေးကြည့်ပြန်တော့ကူညီရင်းပဲမီးထလောင်လို့ဖတ်လိုက်သလိုဖြစ်နေပါတယ်ဘာကြောင့်လည်းဆိုတော့လောင်ဆိုတဲ့
စကားဟာမီးထလောင်၊မီးတောက်လောင်စသည်ဖြင့်သုံးလို့ရတဲ့စကားဖြစ်နေလို့ပါ။
၃။ကိုးရိုးကားရား
အချိုးမကျတာအများကြားမှာဘောင်မ၀င်တာကိုကိုယ်စားပြုသုံးတဲ့စကားပါ။အမှန်က ကားရားကားရားဆိုလည်းအဓိပ္ပာယ်
ကောက်လို့ရပါတယ်။ဒါပေမဲ့ကိုးရိုးကြီးထည့်လိုက်တော့တစ်မျိုးကြီးပေါ့ဒီကြားထဲစာစီသမားက၀စ္စပေါက်ကျန်လို့ကိုရိုးကားရား
ဆိုရင်တော့ကိုရိုးနဲ့အတော်ရှင်းယူရမဲ့ကိစ္စဖြစ်သွားနိုင်ပါတယ်။
၎။ကိုယ်တိုင်ကိုယ်ကျ
ကိစ္စတစ်ခုကိုကိုယ်တိုင်လှုပ်ရှားပါဝင်တယ်လို့ဆိုလိုရင်းဖြစ်ပါတယ်။ကိုယ်တိုင်ကိုယ်ကျကြီးကြပ်သည်၊ကိုယ်တိုင်ကိုယ်ကျ
လုပ်ဆောင်သည်ဒီလိုသုံးနှုန်းကြပါတယ်ဒါလည်းတွေးလို့ရပါတယ်ရှေမှာကိုယ်တိုင်လုပ်နေလို့ကိုယ်တိုင်ပဲအောက်ပြုတ်ကျတယ်
စာမေးပွဲကျတယ်၊ကျခြင်းမျိုးစုံကျတယ်လို့တွေးမယ်ဆိုအတွေးပေါက်နိုင်ပါတယ်။
၅။ကောက်ကာငင်ကာ
အစီအစဉ်မရှိထလုပ်တာ၊ထလိုက်သွားတာစသည်ဖြင့်သုံးကြပါတယ်။ကောက်ကာငင်ကာထလုပ်သည်ကောက်ကာငင်ကာ
ထလိုက်သွားသည်စသည်ဖြင့်ပေါ့ဗျာတွေးမယ်ဆိုရင်တော့ဒီလိုလေချက်ခြင်းလိုက်သွားရမဲ့ဟာကိုတငင်ငင်ဖြစ်နေသလိုလို
လိုက်ဖို့ခေါ်တာကိုပဲအသက်ငင်နေသလိုဖြစ်နေပြန်တယ်အခြားလည်းဥာဏ်ကွန့်ပြီးတွေးလို့ရပါသေးတယ်။
အခုလိုရေးရတာကတွေးလို့ရတယ်နောက်လို့ရတယ်ဆိုတာကိုပဲပြောခြင်တာပါမြန်မာဝေါဟာရကြွယ်ဝတာကို
ကျွန်တော်တို့လိုက်မမီနိုင်ပါဘူး။ပျော်စရာအတွေးသက်သက်နဲ့ပဲရေးတယ်ဆိုတာကိုပြောခြင်ပါတယ်။သူငယ်ချင်းအားလုံးကို
ပျော်ရွှင်စေချင်တဲ့
နတ်သျှင်နောင်

ပထမဆုံးကျည်ဆံ

လွတ်လပ်ရေးရခါစအချိန်-------
တစ်တိုင်းပြည်လုံးပြည်လုံးကြွက်
ကြွက်ဆူနေသောရေနွေးအိုးကြီးကဲ့သို့ ပင်တစ်ခါတစ်ခါ
တရှူးရှူးအသံများပင်ထွက်နေသေးသည်။
ထိုအချိန်တွငိကွန်မြူနစ်များအစိုးရကိုအတိအလင်းပုန်ကန်ကြတော့သည်။တိုက်ပွဲများကစလေပြီဘယ်အချိန်ဆုံးမည်မသိသော
ပြည်တွင်းစစ်များ----- ကျွန်တော်ဆက်မတွေးခြင်တော့အတွေးကိုတစ်ပိုင်းတစ်စနှင့်သာရပ်လိုက်သည်။ထို့နောက်တပ်ရင်းဌာနချုပ်ရုံးမှအားကစားကွင်း
ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။တပ်အတွင်းလည်းလေ့ကျင့်ရေးဆင်းသူများရုံးတက်သူများနှင့်ပုံမှန်လှုပ်ရှားနေသော်လည်းဘယ်
အချိန်စတိုက်မည်ဆိုသည့်စစ်ပွဲအတွက်အတွေးနှင့်ပြင်ဆင်နေကြမည်ဖြစ်သည်။မနက်ခင်းနေရောင်ခြည်နှင့်လေနုအေးလေးကြောင့်
စိတ်ညစ်စရာအတွေးများပျောက်ကွယ်သွားသည်ဟုထင်သည်အနည်းငယ်လန်းဆန်းလာသည်။ထိုစဉ်မှာပင်၊----ဗိုလ်လေးတပ်ရင်းမှူး
ခေါ်နေတယ်---၊ဘီကုမ္ပဏီတပ်ခွဲ(၄)မှဆရာကျော်မြင့်အသံကကျွန်တော့်စိတ်ကိုလှုပ်နိုးလိုက်သည်၊---ကောင်းပြီသွားကြတာပေါ---၊ဆိုပြီးဌာနချုပ်ရုံးဘက်သို့ပြန်လှည့်လာခဲ့သည်။ဌာနချုပ်ရုံးတွင်တပ်ရင်းမှူးမှ၊-ကဲဗိုလ်မြဆောင်ရေကုန်းမြင့်ရွာဘက်မှာကွန်မြူနစ်သတင်းပေါ်နေတယ်
မင်းတပ်စုနဲ့တိုက်ကင်းထွက်ကွာ---၊ဟုတ်ကဲ့တပ်စုကလေ့ကျင့်ရေးဆင်းပြီးအဆင်သင့်ဖြစ်နေပါပြီထွက်ရမဲ့ရက်ကိုပြောပါခင်ဗျာ----၊
----၊---ရရင်တော့ဒီနေ့နေ့လယ်ထွက်ကွာမင့်တပ်ခွဲမှူးကိုလည်းပြောပြီးပြီမင့်တပ်စုကိုသုံးမယ်လို့လုပ်ရင်ကိုင်ရင်လည်း
သတိထားဦးတိုင်းပြည်အခြေအနေကဘာမှန်းသိတာမဟုတ်ဘူး----၊---စိတ်ချပါဗိုလ်မှူး---၊တပ်မှူးကိုအလေးပြုပြီပြန်
ထွက်လာခဲ့သည်။သြော်တိုက်ရအုံးမှာပါလားလွတ်လပ်ရေးတစ်လျှောက်းလုံးလည်းတိုက်ခဲ့ပြီးပြီလွတ်လပ်ရေးရတော့လည်း
တိုက်ရပြန်ပြီ၊လွတ်လပ်ရေးရပြီးနောက်ကျွန်တော်မဖြစ်ခြင်ဆုံးဆန္ဒမှာစစ်မတိုက်လိုခြင်းပင်သူရဲဘောနည်းလို့မဟုတ်
ဘယ်သူတွေနှင့်တိုက်ရမည်ကိုကြိုသိနေသောကြောင့်ဖြစ်သည်။မတိုက်လို၊မတိုက်ချင်ဒါပေမဲ့တိုက်ရတော့မည်။
ကျွန်တော်တာဝန်ကျသောအမှတ်(--)ဘားမားရိုင်ဖယ်သည်လွတ်လပ်ရေးမရခင်တည်းကဖွဲ့စည်းခဲ့ခြင်းဖြစ်သည်
တပ်ရင်းမှူးမှာလည်းအတွေ့အကြုံရှိသူတပ်ခွဲမှူးများမှာလည်းလွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းများချဉ်းသာထိုအထဲတွင်
ယခုမှကော်မရှင်ရလာသောကျွန်တော်လို တစ်ဘားသာရှိသေးသောဗိုလ်လေးတစ်ဦးကိုတာဝန်ပေးခြင်းမှာအရည်အချင်းကိုစမ်းသပ်ခြင်းဖြစ်မည်ဟုထင်သည်
သို့သော်အထင်သာဖြစ်သည်ထိုအချိန်ကတပ်ရင်းတွင်ပေးစရာတပ်များများမရှိကြောင်းကျွန်တော်မသိခဲ့ရသောတပ်ကိုရသလိုပို့
နေရခြင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ်တိုက်ရမည်သာ ရှောင်လွဲလို့မရ။ကျွန်တော်လည်းတပ်ခွဲရုံးဘက်သို့ထွက်လာခဲ့သည်။တပ်ခွဲမှူးကို
ရုံးမှာပင်အဆင်သင့်တွေရသည်။ ၊---ဟေ့မောင်မြဆောင်မင့်တပ်စုအသင့်ပြင်ပြီးပြီလားခုနကကိုတင်အောင် ကို့ကိုယ်ပြောထားတယ်-----၊(တပ်ခွဲမှူးသည်(ဗိုလ်မှူးသည်တပ်ရင်မှူးဒုဗိုလ်မှူးကြီးကို ကိုတင်အောင်ဟုရင်းရင်းနှီးနှီးပင်ခေါ်သည်
လွတ်လပ်ရေးကာလအတွင်းကသူငယ်ချင်းသံယောဇဉ်ကြောင့်ထင်သည်)။ ၊---ဟုတ်ကဲ့နေ့လယ်ထွက်မှာပါ----၊---၊---ဂရုစိုက်ကွယ်
တို့ကတပ်တွေလည်းထပ်မပေးနိုင်ဘူးမောင်ရင့်ကိုလွတ်ရတာစိတ်မချပေမဲ့တိုင်းပြည်အခြေအနေအရတော့ဖြစ်အောင်
လုပ်ရမှာပဲမင့်တပ်စုမှာဆရာကျော်မြင့်တပ်စိတ်ကိုအင်အားဖြည့်ပေးလိုက်မယ်သေသေချာချာလုပ်ကွဲ---၊ဟုမှာပြီးတစပ်တည်းမှာပင်ဆရာကျော်မြင့်ကိုခေါ်ပြီးကျွန်တော်နှင့်ထည့်ပေးလိုက်သည်။ကျွန်တော်လည်းအချိန်ရသမျှပြင်ဆင်ရန်
အရာရှိရိပ်သာဘက်သို့ထွက်ခဲ့သည်။လမ်းတွင်ဆရာကျော်မြင့်ကို၊----ကဲဆရာတပ်စုကရဲဘော်တွေကိုသုံးရက်စာမီးပျောက်ရိက္ခာ
နဲ့လက်နက်တွေထုတ်ခိုင်းထားပြီးရင်လူပျိုဘားတိုက်မှာတိုက်ပွဲဝင်ဝတ်စုံနဲ့အသင့်ပြင်ပြီးစောင့်နေကျွန်တော်လာခဲ့မယ်ရှေးတန်း
ထွက်ရမဲ့အကြောင်းကိုလည်းရှင်းပြထား-------၊ဟုမှာခဲ့သည်။ကျွန်တော်လည်းပြင်ဆင်ရမည် ပခုံးထက်မှရွှေရောင်ဘားများ
ကိုဖြုတ်ပြီး(အော်ပရေးရှင်းဘားခေါ်)ဘားအနက်များပြောင်းတက်လိုက်သည် ။အီကွေ့မင့်လွယ် ခြောက်လုံးပြူးကိုပြန်စစ်ကျည်ဖြည့်ကာကျောပိုးအိတ်လွယ်ပြီးတပ်စိတ်ရှိရာလူပျိုဘားတိုက်သို့ ထွက်ခဲ့သည်။ဘားတိုက်တွင်ဆရာကျော်မြင့်တပ်စိတ်ပါပေါင်းလူ၄၀ခန့်
အသင့်အနေအထားနှင့်တွေရသည်။ ၊---အလေးပြု----၊ဆရာကျော်မြင့်အသံကအားလုံးကိုသတိပေးလိုက်သည်နှင့်အလေးပြုကာကျွန်တော်ဘာပြောမည်ကိုနားထောင်နေကြသည်။
၊-----ကဲအားလုံးနားထောင်ရှေ့တန်းထွက်ရမယ်အသေးစိတ်ကိုတော့ဆရာကျော်မြင့်ပြောပြီးပြီတို့တပ်ရင်းရဲ့ အရည်အချင်း
ကိုပြမဲ့ပွဲပဲ မင်းတိုနောက်မဆုတ်တမ်းတိုက်ရမယ် ရမယ်မှတ်လား----၊---၊---ရမယ်ဗိုလ်လေး----၊သူတို့အသံကြောင့်
ကျွန်တော်လည်းစိတ်ဓာတ်တက်ကြွလာကာဒီတိုက်ပွဲကို၊ဒီတပ်စုကိုဦးဆောင်ပြီးနိုင်အောင်တိုက်မယ်ဟုဆုံးဖြတ်လိုက်သည်။
ထို့နောက်တပ်ခွဲမှူးကိုသတင်းပို့၊တပ်ရင်းမှူးကိုသတင်းပို့ထွက်ချိန်တောင်းပြီးစထွက်ခဲ့တော့သည်။ကုန်မြင့်ရွာသည်တပ်ရင်း
ဌာနချုပ်မှကားဖြင့်တစ်နာရီခွဲခန့်ပင်သွားရသည်။ကျွန်တော်တို့လည်းတပ်ရင်မှစီစဉ်ပေးသောကားဖြင့်ချီတက်ခဲ့သည်။
ရွာရောက်ရန်၁၅မိနစ်ခန့်အကွာအဝေးရှီတံတားလေးပေါ်တွင်လုံခြုံရေးအရကားမှဆင်းပြီးခြေလျှင်ဆက်ထွက်ခဲ့သည်။
၇ွာအဝင်လယ်ကန်သင်းဘောင်လေးတစ်ခုနားတွင်နားပြီးအခြေအနေကိုအကဲခတ်လိုက်သည်။ရွာအတွင်းတိတ်ဆိပ်နေသည်
တိတ်ဆိပ်ခြင်းကမကောင်းသောလဏ္ခာတနည်းဖြင့်ရန်သူရှိသောအနေအထား။ထို့ကြောင့်ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုအမြန်
ချပြီးဆရာကျော်မြင့်ကိုတပ်စိပ်မှူးတွေခေါ်ခိုင်းလိုက်သည်။ကျွန်တော်တပ်စုတွင်တပ်စိတ်မှူး၎ယောက်နှင့်အရာရှိတော့
ကျွန်တော်တစ်ယောက်သာ။တပ်စိတ်မှူးများရောက်သောအခါ၊----ဆရာကျော်မြင့်တပ်စိပ် နဲ့ဆရာအုန်းမောင်တို့တပ်စိပ်နှစ်စိပ်ကရွာကိုဝင်ရှင်းမယ်ကျွန်တော်က ကျန်တပ်စိပ်တွေနဲ့အသင့်
စောင့်နေမယ်ရန်သူနဲ့ထိတွေ့မှုဖြစ်ရင်အတင်းဖြန့်တက်ပါရအောင်တက်ရှင်းပါကျွန်တော်လည်းလိုက်လာမယ်ရှင်းတယ်မှတ်လား---၊
၊--ရှင်းပါတယ်---၊-- ၊------ကဲစတော့အချိန်မရှိဘူး----၊၊--ဟုတ်ကဲ့ဗိုလ်လေး----၊
တပ်စိပ်များထွက်သွားကြသည်။ဆရာကျော်မြင့်နှင့်ဆရာအုန်းမောင်တို့တပ်စိပ်တွေတက်သွားရာသို့စိတ်ပူ
စွာစောင့်ကြည့်နေမိသည်။သိပ်မကြာလိုက်ရွာဘက်မှရိုင်ဖယ်သံတွေ တဒိုင်းဒိုင်းစကြားရသည်အသံတွေတဖြည်းဖြည်းစိပ်လာသည်
ဒုတ်ဒုတ်ဒုတ်နှင့်စက်လက်ကြီးသံပါကြားလာရသည်။မဖြစ်ခြေတော့ရန်သူကရွာထဲတွင်အခိုင်အမာနေရာယူထားပြီးဖြစ်လိပ်မည်။
ဒီအတိုင်းဆိုကျွန်တော့်တပ်တွေအတွက်စိတ်ပူရပြီလိုက်မှရမည်။ ၊---ကဲရဲဘော်တို့ဖြန့်တက်မယ်ရွာနားရောက်ရင်ဆရာမင်းမောင်တပ်စိပ်ကပတ်ဝင်မယ်င့ါတပ်စိပ်ကအရောင်ပြဝင်တိုးမယ်ရှင်းလား--၊
၊----ဟုတ်ကဲ့ဗိုလ်လေး--၊ ၊--စထွက်တော့--၊ ကျွန်တော်လည်းသေနတ်အိတ်ထဲမှခြောက်လုံးပြူးကိုထုတ်လိုက်ပြီး၊---တက်--၊
ဟုအမိန့်ပေးကာတိုက်ပွဲဝင်ပုံစံအတိုင်ပြေးတက်ခဲ့ကြသည်။ဆရာမင်းမောင်တပ်စိပ်ခွဲထွက်သွားသည်နှင့်ဝစီမှုတ်ပြီး ၊-----တက်ကြလေကွာ--ဆက်တက်-----ပစ်--၊အတင်းဝင်တိုးလိုက်သည်။တွေ့ပါပြီဆရာကျော်မြင့်တပ်စိပ်ရန်သူ့ပစ်ကွင်းထဲအလူးအလိမ့်ခံနေရသည်။
ကျွန်တော်တို့ကိုတွေတော့၊---စစ်ကူလာပြီဟေ့---၊
သူတို့လည်းအားတက်သွားသည်၊တိုက်ပွဲချိန်ခွင်လျှာကကျွန်တော်တို့ဘက်မှအလေးသာလာပြီဖြစ်သည်။
ထို့ပြင်ရန်သူ့နောက်ကျောမှဆရာမင်းမောင်တပ်စိပ်၏ပစ်ခတ်သံများပေါ်လာသည်။ရန်သူကိုကျွန်တော်တို့ဝိုင်းမိပြီ၊ခြောက်ခြားအောင်
လုပ်နိုင်ခဲ့ပြီ။ပစ်ခတ်သံများတစ်ဖြေးဖြေးတိတ်ဆိတ်လာရာမှလုံးဝပျောက်သွားသည်။တိုက်ပွဲကပြီးလေပြီရန်သူတို့ဆုတ်သွားကြပြီ။
နာရီဝက်ခန့်သာကြာလိုက်သည်။တပ်စိပ်များမှလူစစ်သံများကြားနေရပြီ။ကျွန်တော်လည်းခြောက်လုံးပြူးကိုအိပ်အတွင်းသို့
ထည့်လိုက်ပြီ။စီးကလက်တစ်လိပ်ကိုမီးညှိပြီးအနီးရှိရဲဘော်များကိုလည်းတစ်လိပ်စီဝေငှပေးကာအားရပါးရရှိုက်ဖွာလိုက်သည်
၊---ပင်ပန်းသလားရဲဘော်---၊--၊ဒီလောက်တော့မဖြုံပါဘူးဗိုလ်လေး---၊တော်လိုက်သည့်ရဲဘော်တွေ
ွ တိုက်ခိုက်ရတာတောင်အပြုံးမပျက်ဒါတွေကိုကျွန်တော်သဘောကျသည်။တပ်စိပ်များအသီးသီးသတင်းလာပို့ကြသည်။
ဆရာမင်းမောင်တပ်စိပ်ဒဏ်ရရသူမရှိ၊ဆရာမောင်ထွေးတပ်စိပ်မရှိ၊ဆရာအုန်းမောင်တပ်စိပ်မရှိ၊ဆရာကျော်မြင့်တပ်စိပ်မှနှစ်ယောက်
ဒဏ်ရာရသွားသည်။ ၊-----ဗိုလ်လေးတို့အတင်းဝင်တိုးလို့ကျွန်တော်တို့သက်သာသွားတာဒီကောင်တွေမထင်မှတ်တဲ့နေရာကအပိုင်ဆော်ဖို့စောင့်နေတာကျေး
ဇူးတင်ပါတယ်ဗိုလ်လေး---၊
ဆရာကျော်မြင့်ကလှိုက်လှိုက်လှဲလှဲပြောရှာသည်။တိုက်ပွဲကတော့နိုင်ပါပြီသို့သော်ရန်သူ့ဆီမှအလောင်းလက်နက်ဘာ
မှမရလိုက်၊ဒဏ်ရာရရဲဘော်နှစ်ယောက်ကိုသာနောက်တန်းပြန်ပို့လိုက်ရသည်။ကျွန်တော်တို့ရလိုက်သည်ကတပ်စုနှင့်ကျွန်တော့်
အကြားတစ်ဦးကိုတစ်ဦးယုံကြည်အားကိုးမှုစိတ်ဓာတ်သာ။တပ်နှင့်ကျွန်တော်ပထမဆုံးတိုက်ပွဲမှာပင်လမိုင်းကပ်သွားလေပြီ။
အနောက်ဘက်သို့နေမင်းကြီးသည်လည်းငုတ်ရှိုးသွားလေပြီနေဝင်ဆည်းဆာအလှကိုတပ်ရင်းမှအမိန့်ကိုစောင့်ရင်းခံစားနေမိသည်။
ထို့နောက်တွင်တော့ဆေးလိပ်မီးခိုးများကိုကျေနပ်စွာမှုတ်ထုတ်လိုက်တော့သည်----။
လွတ်လပ်ရေးရစမြန်မာနိုင်ငံ၏အခြေအနေကိုခံစားရေးဖွဲပါသည်

Home